The Management

Yangon Airways Limited

ရန်ကုန်အဲဝေးစ်လေကြောင်းလိုင်းအား မြန်မာ့လေကြောင်းနှင့် ထိုင်းနိုင်ငံမှ Krong-Sombat ကုမ္ပဏီတို့ ပူးပေါင်းကာ ပြည်တွင်း လေကြောင်းလိုင်း တစ်ခုအဖြစ် ၁၉၉၆ ခုနှစ်မှစတင်တည်ထောင်ခဲ့ပြီး ၂ဝဝ၅ ခုနှစ်မှစ၍ပုဂ္ဂလိကပိုင်လေကြောင်းလိုင်းအဖြစ် ရပ်တည်ခဲ့ပြီး ခရီးသည် (၇ဝ) ဆန့် ATR-72 လေယာဉ် (၂) စီးဖြင့် ကမ္ဘာလှည့်ခရီးသည်များလာရောက်လေ့ရှိသော ပြည်တွင်းရှိမြို့ပေါင်း (၁၉) မြို့သို့ အန္တရာယ်ကင်းစွာဖြင့် (၁၇) နှစ်တာ ကာလတစ်လျှောက် ပျံသန်းပို့ဆောင်ခဲ့သော သက်တမ်းရင့်လေကြာင်းလိုင်းတစ်ခုဖြစ်ပါသည်။

ရန်ကုန်လေကြောင်းကို စီးနင်းပျံသန်းမည့် ဧည့်သည်တော်များကို ဘေးကင်း စိတ်ချစွာ လိုရာခရီးကို ပို့ဆောင် ပေးနိုင်မည့် အတွေ့အကြုံရှိ လေယာဉ်မှူးကြီးများ၊ ခရီးစဉ် တလျှောက် လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် လေယာဉ်မယ်များ၊ စေ့စပ်သေချာတဲ့ ကျွမ်းကျင် အင်ဂျင်နီယာကြီးများ၊ Ticketing And Reservation နှင့် ပြည်တွင်း ပြည်ပများတွင် လေ့လာသင်ယူထားသော ဝေဟင် မြေပြင်ဝန်ထမ်းများဖြင့် ဖွဲ့စည်းထားသော လေကြောင်းလိုင်းဖြစ်ပြီး လေယာဉ် မတော်တဆဖြစ်ပွားမျိုး မရှိခဲ့သော လေကြောင်းလိုင်း တစ်ခုလည်းဖြစ်ပါသည်။

ရန်ကုန်လေကြောင်းတွင် ၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လမှစ၍ ATR 72-500 တစ်စီးအားဖြည့်လျှက် ယခုအခါ စုစုပေါင်းလေယာဉ် (၃) စီးဖြင့်ခရီးသွားပြည်သူများကို ဝန်ဆောင်မှုအပြည့်ဖြင့် ရန်ကုန်မှ မန္တလေး၊ ပုဂံ၊ ဟဲဟိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ လားရှိုး၊ မြစ်ကြီးနား၊ ဗန်းမော်၊ နေပြည်တော်၊ သံတွဲ၊ စစ်တွေ၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်း မြို့များသို့ ပုံမှန်ခရီးစဉ်များအပြင် စင်းလုံးငှါးခရီးစဉ်များကိုလည်း ပျံသန်းပြေးဆွဲလျှက်ရှိပါသည်။

ယခုအခါ ခရီးသွားပြည်သူများအတွက် ပိုမိုအဆင်ပြေစေရန်ရည်ရွယ်၍ ၂ဝ၁၄ ခုနှစ်၊ မေလ ၁၂ ရက်နေ့မှ စတင်ကာ လေယာဉ်တစ်စီးအား မန္တလေး၌အခြေစိုက်၍ မန္တလေး၊ မြစ်ကြီးနား၊ ပူတာအို နှင့် မန္တလေး၊ ခန္တီး၊ လားရှိုး၊ တာချီလိတ်၊ ကျိုင်းတုံ မြို့များသို့ တိုက်ရိုက်ပျံသန်းပြေးဆွဲမည်ဖြစ်ပါသည်။

ခရီးသည်များကို အကောင်းဆုံးဝန်ဆောင်မှုပေးခြင်းသည် ၎င်းတို့၏ယုံကြည်မှုကိုရစေသည်ဟု ရန်ကုန် အဲဝေးစ်မှ အထူးလက်ခံထားပါသည်။ ရန်ကုန်အဲဝေးစ်လေကြောင်းလိုင်းအနေဖြင့် ဝန်ဆောင်မှုနှင့်လုပ်ဆောင်ချက် များကို အနာဂတ်တွင်လည်း အကောင်းဆုံးဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါသည်။

The Management
Yangon Airways Limited

Announcement

Please be aware that www.yangon-airways.com, is not affiliated with Yangon Airways Ltd. It belongs to ECCR Travel which is no longer Yangon Airways' General Sales Agent. We cannot be take responsibility for any tickets or bookings from this website. www.yangonair.com is the official website of Myanmar's favourite domestic carrier Yangon Airways.